ဒီတစ်ပတ်အစီအစဉ်မှာတော့ ဗီဒီယိုရိုက်ကူးရေးသမားအဖြစ် ဆယ်နှစ်လောက် အသက် မွေးဝမ်းကျောင်းပြုခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာ လက်နက်ကိုင်တိုက်ဖို့ ညီနဲ့အတူ လွတ်မြောက်နယ်မြေရောက်ခဲ့တဲ့ ကိုကောင်းကောင်း ခေါ် ရဲဘော်ကျီးကန်းနဲ့ စကားပြောထားတာကို တင်ပြမှာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလက ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့အတွက် PDF တပ်ဖွဲ့ဝင် ကိုကောင်းကောင်းတို့ဟာ ဒရုန်းနဲ့တိုက်ဖို့ ပြင်ဆင်ရင်း ပေါက်ကွဲမှုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီပေါက်ကွဲမှုမှာ ညီကအသက်ဆုံးရှုံးသွားသလို ကိုကောင်းကောင်းက ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီ “စိန်ခေါ်ချက်များနဲ့မြန်မာလူငယ်“ ပေါ့ကတ်စ် အစီအစဉ်ဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝတွေအကြောင်း ပြောပြနေတာဖြစ်ပြီး အပြည့်အစုံကို မြန်မာစံတော်ချိန် စနေနေ့ မနက် ၇ နာရီမှာ RFA Burmese ရဲ့ ဝက်ဆိုက်၊ Facebook နဲ့ YouTube တွေကနေ အပတ်စဥ် ကြည့်ရှုနားဆင်နိုင်ပါတယ်။
